အသက်(၈၆)နှစ်၊ ဦးလှိုင်ဝေ

ကိုယ့်အိမ်ကလေးကို တူတွေ တူမတွေ
နေကြတော့လို့ ပေးလိုက်တယ်လေ၊ အခု မြောက်ဥက္ကလာ
ဘုန်းကြီးကျောင်းတစ်ကျောင်းမှာနေတယ်
ကပ်နေတာ မဟုတ်ပါဘူး၊ တစ်ခါက ဘုန်းကြီးနဲ့
တစ်ညလုံး တရားအကြောင်း ဆွေးနွေးရင်းနဲ့ပေါ့
ဘုန်းကြီးကပြောတယ် မပြန်နဲ့တော့တဲ့
တရားခန်းတွေ လွတ်နေတယ်တဲ့
လူမနေရင် ခြတက်တယ်တဲ့
ဘုရားတရားအလုပ်လုပ်ရင်း ဒီမှာပဲနေပါတော့ဆိုလို့
ကိုယ့်ထမင်း ကိုယ့်ဟင်းလေး ချက်စားတာကို
တူတွေ တူမတွေက ကဲ့ရဲ့လို့
ဒီ(၈၆)နှစ် အရွယ်ကြီးကျမှ ကိုယ့်ထမင်း ကိုယ့်ဟင်း
ချက်စားနေရသေးတယ်ဆိုတော့
သူတို့ အကဲ့ရဲ့ခံကြရမှာပေါ့တဲ့
ဟဲ့  ကိုယ့်အရုပ်ကိုယ်သယ်နိုင်တုန်း
သူများကို ဒုက္ခမပေးချင်ဘူး
ဘုန်းကြီးတောင် ဆွမ်းလှူနိုင်သေးမဟုတ်လား
အမယ့့်  ဘုန်းကြီးက လူတိုင်းယုံတာမဟုတ်ဘူး
တစ်ခါက ဓားပြတိုက်ခံရလို့ ရှိစုမဲ့စုလေး ပါသွားတယ်
ကိုယ့်တော့ သူဂရုစိုက်သား၊ ကျန်းမာရေး ခဏခဏ
လာမေးတယ်၊ ဌာနမျိုးစေ့အလျောက်
ကုသိုလ်လဲ ကောင်းလို့ပေါ့လေ
အခုလို အခြေတည်မိရဲ့သာ့း့ 
ကားလေးတစ်စီးရှိရင် ခြေပေါက်တာပေါ့
တရားလေး မပြီးရင်တော့ ဘယ်ရောက်လို့
ဘယ်ပေါက်မလဲ
ကိုယ့်အရုပ်ကိုယ်အသာချနိုင်မှပဲ
ကိုယ့်ကိစ္စဆိုတာ ပြီးတာမဟုတ်လား။ ။

(ထင်ရှားသည့် အမှတ်အသား - ဇေယျာလင်း၊ နှစ်ကာလများ - ၂၀၀၆)

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>

2502 pages viewed, 14 today
930 visits, 10 today
FireStats icon Powered by FireStats