လက်ကားယားခြေဆန့်

ခြေနှစ်ဖက်ကတော့ လှုပ်နေတယ်
ဒါဟာသေသူ ဟုတ်ရဲ့လား
ခြေလှုပ်တဲ့အလောင်းကို ကျွန်တော်
မကိုင်ဖူးဘူးဗျာ

ခြေနှစ်ဖက်က လှုပ်နေတယ်
ဒါဟာဖြစ်တတ်တယ်
အအေးခန်းထဲ အကြောဆွဲကြတယ်
ဒါဟာဖြစ်တတ်တယ်
တချို့များ
တစ်ကိုယ်လုံးမတ်ထပြီး
အော်ကြတယ်
မသေချင်သေးဘူး မသေချင်သေးဘူးတဲ့
ပြီးတော့လည်း အိပ်မက်ဆိုးမက်သလို
ပြန်အိပ်သွားကြတယ်

ဟုတ်ကဲ့
ကျွန်တော်ဟာ ရင်ခွဲရုံတာဝန်ခံပါ
ဒါတွေ ကျွန်တော့်အတွက် ရိုးနေပါပြီ

သြော့့်  ဒါနဲ့
အဲဒီခြေထောက် ဘာကြောင့်လှုပ်နေတာပါလဲရှင်
သူလှုပ်ချင်လို့ လှုပ်တာပါပဲ
ပြီးရင်လှုပ်ရင်လှုပ်
မလှုပ်ရင် ထ ပဲ့ 
ဒါမျိုးတွေ ရိုးနေပါပြီလေ

 

၁၀ နိုဝင်ဘာ ၂၀၀၃

 

(ထင်ရှားသည့် အမှတ်အသား - ဇေယျာလင်း၊ နှစ်ကာလများ - ၂၀၀၆)

 

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>

2501 pages viewed, 13 today
929 visits, 9 today
FireStats icon Powered by FireStats