လမ်းအိုလေး
Burma’s Non-Political Flood
(Dedicated To My Mother And People Of Burma Who Lost Lives And  Who Are Hardly Survived Under Both Natural And Political Weathers!)
Water, water, all around me
But I am so..so… thirsty.
Here, there, human bodies' everywhere
But none alive accompany me and share.
And I look at myself
လက်ကားယားခြေဆန့်
ဒါဟာသေသူ ဟုတ်ရဲ့လား
ခြေလှုပ်တဲ့အလောင်းကို ကျွန်တော်
မကိုင်ဖူးဘူးဗျာ
ခြေနှစ်ဖက်က လှုပ်နေတယ်
ဒါဟာဖြစ်တတ်တယ်
အအေးခန်းထဲ အကြောဆွဲကြတယ်
ဒါဟာဖြစ်တတ်တယ်
တချို့များ
တစ်ကိုယ်လုံးမတ်ထပြီး
အော်ကြတယ်
မသေချင်သေးဘူး မသေချင်သေးဘူးတဲ့
ပြီးတော့လည်း အိပ်မက်ဆိုးမက်သလို
ပြန်အိပ်သွားကြတယ်
ဟုတ်ကဲ့
ကျွန်တော်ဟာ ရင်ခွဲရုံတာဝန်ခံပါ
ဒါတွေ ကျွန်တော့်အတွက် ရိုးနေပါပြီ
သြော့့်   ဒါနဲ့
အဲဒီခြေထောက် ဘာကြောင့်လှုပ်နေတာပါလဲရှင်
သူလှုပ်ချင်လို့ လှုပ်တာပါပဲ
ပြီးရင်လှုပ်ရင်လှုပ်
မလှုပ်ရင် ထ ပဲ့ 
ဒါမျိုးတွေ ရိုးနေပါပြီလေ
၁၀ နိုဝင်ဘာ ၂၀၀၃
(ထင်ရှားသည့် အမှတ်အသား - ဇေယျာလင်း၊ နှစ်ကာလများ - ၂၀၀၆)
အသက်(၈၆)နှစ်၊ ဦးလှိုင်ဝေ
နေကြတော့လို့ ပေးလိုက်တယ်လေ၊ အခု မြောက်ဥက္ကလာ
ဘုန်းကြီးကျောင်းတစ်ကျောင်းမှာနေတယ်
ကပ်နေတာ မဟုတ်ပါဘူး၊ တစ်ခါက ဘုန်းကြီးနဲ့
တစ်ညလုံး တရားအကြောင်း ဆွေးနွေးရင်းနဲ့ပေါ့
ဘုန်းကြီးကပြောတယ် မပြန်နဲ့တော့တဲ့
တရားခန်းတွေ လွတ်နေတယ်တဲ့
လူမနေရင် ခြတက်တယ်တဲ့
ဘုရားတရားအလုပ်လုပ်ရင်း ဒီမှာပဲနေပါတော့ဆိုလို့
ကိုယ့်ထမင်း ကိုယ့်ဟင်းလေး ချက်စားတာကို
တူတွေ တူမတွေက ကဲ့ရဲ့လို့
ဒီ(၈၆)နှစ် အရွယ်ကြီးကျမှ ကိုယ့်ထမင်း ကိုယ့်ဟင်း
ချက်စားနေရသေးတယ်ဆိုတော့
သူတို့ အကဲ့ရဲ့ခံကြရမှာပေါ့တဲ့
ဟဲ့  ကိုယ့်အရုပ်ကိုယ်သယ်နိုင်တုန်း
သူများကို ဒုက္ခမပေးချင်ဘူး
ဘုန်းကြီးတောင် ဆွမ်းလှူနိုင်သေးမဟုတ်လား
အမယ့့်  ဘုန်းကြီးက လူတိုင်းယုံတာမဟုတ်ဘူး
တစ်ခါက ဓားပြတိုက်ခံရလို့ ရှိစုမဲ့စုလေး ပါသွားတယ်
ကိုယ့်တော့ သူဂရုစိုက်သား၊ ကျန်းမာရေး ခဏခဏ
ပြန်လာသူ
သူ့ကို သေချာထုပ်ပိုးပြီး
လက်ဆောင်ပစ္စည်းတစ်ခုလို ပြန်ပို့လိုက်ကြတယ်။
အထုပ်ကို ဖြေလိုက်တော့
မြင်သူအားလုံး လန့်သွားကြတယ်
သူ့တစ်ကိုယ်လုံး ချုပ်ရိုးတွေနဲ့။
ဘာဖြစ်ခဲ့တာလဲ
ကရုဏာနဲ့ မေးသူမေး -
သူ့နှုတ်ခမ်းတွေပါ ဘယ်လိုလက်လွန်ချုပ်မိသွားလဲမသိဘူး။
သူ့မျက်လုံးတွေထဲမှာ
မျက်ရည်တွေဝဲလို့ --
သူ့မှတ်ဉာဏ်ရဲ့ ချုပ်ရိုးတွေထဲမှာ
မှောင်မိုက်ညပဲ။
သူ့ကို ထုပ်ပိုးခဲ့တဲ့
အရောင်တောက်တောက်
အဆင်လှလှ
ကိုင်လိုက်ရင် ကြွပ်ကြွပ်မြည်တဲ့
ထုပ်ပိုးစက္ကူကိုသာ ငေးစိုက်လို့။
(၂၁ ဧပြီ၊ ၂၀၀၃)
သဘာဝသမိုင်း ပြတိုက်မှူး
စင်္ကြန် တစ်လျှောက်မှာ
မြူထဲမြုပ်နေတဲ့ မြို့တစ်မြို့လို
အပုပ်နံ့ပေါင်းစုံ ပျစ်နှစ်။
စင်္ကြန်အဆုံးက အခန်းထဲမှာ
သွေးပြီးသား ဓားထက်ထက်နဲ့
ပိုထက်တဲ့ စိတ်အပိုင်းနဲ့ အစိတ်စိတ်ပိုင်းဖို့
လတ်လတ်ဆတ်ဆတ်။
နွေးနွေးထွေးထွေး
အသေကောင်တွေ
(သူ့အသုံးအနှုန်းက အမှုတွဲသစ်တွေ)
ခုနကပဲ လာပို့သွားတယ်။
ဟောဒီမှာ ချင်ပန်ဇီတစ်ကောင်
ဟိုဘက်စားပွဲမှာ သောက်ရှူးကြယ်
ကြွပ်ကြွပ်အိပ်ထဲမှာ ဝေလငါးမန်း
အပြောမကောင်းတဲ့ဟာ တစ်ခုခု။
သူလုပ်မနေဘူးဆိုရင်
သဘာဝအင်ပါယာကြီးရဲ့
အရေခွံ အကြောအမျှင် အရိုးစ
သူဆက်စပ် တွဲချုပ်နေမှာပဲ။
ကျောက်ဖြစ်ရုပ်ကြွင်းငှက်ရဲ့ မျက်လုံး
ခွေးတူဝက်တူရဲ့ ခြေသည်း၊
လင်းပိုင်ရဲ့ စိတ်နေစိတ်ထား၊
သမန်းကျားရဲ့ အတိတ်သမိုင်း။
နေ့လည်စာ စားပြီးရင် ဇာမဏီရဲ့အမြင်
အာရုံကြော ခွဲစိတ်ကြည့်ရမယ်
ထမင်းစားခန်းနံရံက
သတိပေးစာ။
အ၀တ်ဘီရိုထဲက
တဒေါက်ဒေါက်ခေါက်နေတာ
ဘယ်အရိုးစုလဲ ဘာလိုချင်လဲ -
သွားမေးလိုက်စမ်း။
ဆာပြန်ပြီလား၊ TVကြည့်ချင်လား
အသွေးအသား တောင်းနေပြန်ပြီလား
သူ့တစ်သက်မှာ
ရှားပါးသတ္တ၀ါ တော်တော်များများ
မျိုးတုံးသွားကြပြီ။
မတုံးသေတာက
သူ့အတ္တ၊ ပညာမာန
သဘာဝတရား ခွဲစိတ်ပါရဂူ
မဟာအလှူဒါန။
"သိပ္ပံပညာဟာ
အရောင်းအ၀ယ် မဟုတ်ဘူး"
အရိုးတစ်စပေး
အကောင်တစ်ကောင်လုံး ထုတ်ပြမယ်
မြေအောက်ခန်းတွေမှာ
အရှင်လတ်လတ် ရှိနေသေးသလိုမျိုး။
သူ့မှတ်တမ်းစာအုပ်ထဲမှာ
ကြိုက်တဲ့အကောင်ပြော
သူလှောင်ထားတယ်
နောင်လာနောက်သားများ လေ့လာဖို့
မရှိတော့တဲ့ 'မိုအာ'ငှက်ကြီးရဲ့
အိပ်မက်ထဲ သူ့ဝတ်ရုံနဲ့
ပျံသန်းဖို့။
မျောက်နံရိုးစွန်းမှာ
ခေတ္တ
အပန်းဖြေ၊
အိမ်ရှေံမှာ အလှဆင်ဖို့ ဠင်းတသည်းခြေ
မြှူဆွယ်လို့။ အားလုံးသတိ
ပြတိုက်မှူးကြီး ကြွလာပြီ။     ။
ငါဟာတိတ်ဆိတ်မှု
ငါ အေးတိအေးစက် ကြည့်နေတယ်
အပျက်အယွင်းတွေ ပစ်စလက်ခတ် ကြဲသွားတဲ့
ဟောဒီ ချောက်ကမ်းပါးထိပ်မှာလေ
မင်းတို့ရဲ့ သံမဏိတွေ နေရောင်ထဲ တ၀င်းဝင်း
ပေပေါ်က ရှဲကနဲ ရှဲကနဲ စင်ထွက်တဲ့ မီးပွားတွေ
စာသားတွေ၊ ကုက္ကားတွေ၊ ဧရာမ ဒဏ္ဍာရီတွေ
ကန္တာရထဲက မြွေတစ်ကောင်လို
ဝမ်းဗိုက်ကို ၀က်သိုးချုပ်သွားတာ
ခွာသံတွေ၊ ရောဂါဘယတွေ၊ ရာဂတွေ
အံ့မခန်း အောင်မြင်မှု စာစုတွေ။
မင်းတို့ လိုရာမရတော့
မင်းတို့ ဖျက်ဆီးသွားကြတယ်
စကားလုံး အပိုင်းအစတွေ
ဝဏ္ဏအကျိုးအကြေတွေ
တွန့်လိမ်ခြောက်ကပ်နေတဲ့
ဗျည်းအရိုးစ သရကွက်တွေ။
ကိုင်လိုက်ရင် မင်းတို့လက်တွေ
ရှဲကနဲ လောင်ကျွမ်းသွားတာ
ငါဟာ တိတ်ဆိတ်မှု
မင်းတို့ရဲ့ နှလုံးသားတွေထဲ စိုက်ဝင်နေတဲ့
အဆိပ်လူးဆူးချွန် ငါ့ဆက်သားတွေ
မမြင်ရတဲ့ အရိပ်အေးခဲတိုင်းဟာ
ငါ့ဘာသာစကား
ငါဒီမှာ အမြဲရှိတယ်
အုံနဲ့ကျင်းနဲ့ မင်းတို့ လာလာရှာနေပါ
ငါဟာ တိတ်ဆိတ်မှု။     ။
Alternative / Poetry
Tags
Disclaimer
LøL Kru is _not_ responsible                    for reliability and accuracy of information on posted publications.
Copyrights
Copyrights of all the artworks [poems/ fictions/ essays/ paintings/ prose/ concretes/ novella/ installations/ songs/ lyrics] remain with the original artist / poet / writer / singer/ composer.