ကဗျာ @ လမ်းအိုလေး

အဲဒါပြောပြပါလား - စိုင်းဝင်းမြင့်

အဲဒါပြောပြပါလား

တစ်နေ့တစ်နေ့ လျှောကျနေတဲ့အရိပ်နဲ့ တဖြည်းဖြည်း
လျော့ကျနေတဲ့ ကိုယ်အလေးချိန်ကို
ရှင်ပြောပြောပြလို့ ကျွန်မသိရတယ်
ရှင်ပြောတယ် " မင်းလက်မောင်းလေး ဒီနေ့ပြည့်နေတယ် "
"မင်း ညက အိပ်မပျော်ဘူးထင်တယ်
မျက်နှာလေး ချောင်ကျသွားတယ် "
" မင်း အသားလေး နည်းနည်းဖြူလာတယ် "
ရှင်ဟာ ကျွန်မကို ကြည့်ပြောနေတော့တာပဲ "
ရှင်ပြောလိုက်တာနဲ့ ဘုရားပန်းအိုးထိုးမယ့်
သစ္စာပန်းတွေဆီ ကျွန်မရဲ့ဓားက မရောက်
ကျွန်မ ရဲ့ လက်ပေါ် ဓားကျရောက်သွားတယ်
ကျွန်မ အမှတ်မထားပါဘူး
ဘယ်တုန်းကများ ကျွန်မ မှတ်လို့လဲ
အခုလည်း သစ္စာပန်းတွေ ၀ယ်လာတယ်
အမာရွတ်ကို လက်စွပ်လို ၀တ်ထားတယ်
ကျွန်မ ပွတ်သပ်တယ်
ရှင့်မျက်နှာကို လှမ်းကြည့်မိတာနဲ့ ထမင်းအိုးတူးတော့တာပဲ
ရှင်စိတ်ကောင်းဝင်တဲ့အခါ ပြောတယ်
ကျွန်မက ရယ်ရတယ်တဲ့
ရှင်ဘာတွေ တွေးနေတာလဲ
ကျွန်မ အမှိုက်တစ်စ ဖြစ်သွားရတာ
အခုလို မီးလောင်နေတဲ့ညမှာ
ကျွန်မကို ၀တ်ဆင်ထားရမှာ ရှင့်အတွက် ငရဲ
စောင်တစ်ထည်လို ခြေရင်းမှာ ခေါက်ထားတယ်
ကျွန်မဟာ ရှင့်တွက် စာအုပ်တစ်အုပ်
ဖတ်ပြီးလွှင့်ပစ်လိုက်တဲ့ စာအုပ်တစ်အုပ်
မိတ်ကပ်တွေအများကြီး မသုံးနဲ့ ၊ နှုတ်ခမ်းနီကို ဖျော့ထား
ကျွန်မ သိပ်မလှဘူးထင်တဲ့နေ့တွေဆို ရှင်က အပြင်မခေါ်ဘူး
အခု စာရွက်အလွတ်တွေနဲ့ ရှင်တစ်ယောက်တည်း
တိတ်ဆိတ်ငြိမ်သက်လို့
အဲဒါပြောပါလား ။ ။

စိုင်းဝင်းမြင့်
၂၈ ၊ ၉ ၊ ၂၀၀၃
Beauty ဇန်န၀ါရီ ၊ ၂၀၀၄

Popularity: 52% [?]

 



အရူးမြေကျ ရိုးမြေကျ

အရူးမြေကျ ရိုးမြေကျ

ကိုယ်တို့မှာ ငြင်းစရာ
ဝါတွင်းတစ်ခုတည်း
ကျွန်တော်တစ်ယောက်တည်းနေရတာ ပျင်းလို့
ကျွန်တော် အဖော်စပ်တယ်။
ကိုယ်ဝန်ရှိလို့
နေ့ချင်းညချင်း ဖြစ်သွားတာတော့ မဟုတ်ဘူး
ရိုက်မစစ်ပဲ ဖြောင့်ချက်ပေးမိတော့
မင်းကို ဘယ်သူက ဘာပြောလို့လဲဆိုတဲ့ ဟာသဖြစ်တာပေါ့။
ဒီတစ်ခါလည်း ကျွန်တော့်ဘက်က ကြည့်ခဲ့ပြန်တယ်
ဝေးမလား နီးမလား။
ကစားစရာမဟုတ်တာကို ကျွန်တော်ကစားတယ်
မမြဲခြင်းအကြောင်းပြ ကျွန်တော်ဇွတ်ကျခဲ့တယ်
အက်ကြောင်းကို မျက်နှာလွှဲခဲ့ဖူးလို့
ကိုယ်တို့ လွဲခဲ့ဖူးတယ်
ကျွန်တော်ဟာ ခဲမှန်ဖူးတဲ့ စာသူငယ်
တစ်ခါသေဖူး ပျဉ်ဖိုးနားလည်။
သူမဘက်ကတော့ ရှက်စရာပါ
အားနာပါတယ်။
တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ရင်း
ကျွန်တော်တို့ ရယ်တယ်
တစ်ယောက်ကို တစ်ယောက်ပွေ့ဖက်ရင်း
ကျွန်တော်တို့ငိုတယ်
တကယ်ချစ်ရဲ့လား ဆိုတဲ့ စကားကို ဦးသူ အရင်မေးတယ်။
တစ်ယောက်ကို တစ်ယောက် နားလည်သွားတဲ့အခါ
ကျွန်တော်တို့က လင်မယား
ကျွန်တော်တို့ကြားမှာ ဘာသာစကားမရှိတော့
ဖျားမှာလည်း မကြောက် ၊ မှားမှာလည်းမကြောက်။ ။

စိုင်းဝင်းမြင့်

Popularity: 95% [?]

 



တစ်ယောက်တည်းစကား

တစ်ယောက်တည်းစကား

bookcover

တစ်ယောက်တည်းစကား
Table of Contents

  1. အရိုးစုဟာ သူ့အကြောင်းကို ပြောပြနေတယ် ဆွေးမြေ့မသွားခင် အထိ
  2. အရိုးစုဟာ သူ့အကြောင်းကို ပြောပြနေတယ် ဆွေးမြေ့မသွားခင် အထိ (၂)
  3. အရိုးစုဟာ သူ့အကြောင်းကို ပြောပြနေတယ် ဆွေးမြေ့မသွားခင် အထိ (၃)
  4. အရိုးစုဟာ သူ့အကြောင်းကို ပြောပြနေတယ် ဆွေးမြေ့မသွားခင် အထိ (၄)
  5. အရိုးစုဟာ သူ့အကြောင်းကို ပြောပြနေတယ် ဆွေးမြေ့မသွားခင် အထိ (၅)
  6. ဆောင်း
  7. ကြယ်ပျက်
  8. အဆွေးများ
  9. သူစိမ်း (၄)
  10. အမှောင်
  11. ဂီတ (၃)
  12. နားစွင့်လိုက်တော့ သစ်ရွက်တွေကို လေတိုးနေတဲ့ အသံ
  13. လပြည့်ည
  14. သွေးသားဖြေဖျောက်ရုံဖြင့် မပြေပျောက်နိုင်သော
  15. မမြင်ရခြင်း အစတစ်စ
  16. အကိုင်းတစ်ခုတည်း တစ်မြို့စီလွဲလို့
  17. ညီမလေးရဲ့ သီချင်း
  18. သူမလက်ထဲက ဂစ်တာ
  19. တခြားသော - ၎
  20. တုန်ယင်မှုဟာ နေရောင်ခြည်
  21. မြို့တွင်းပြော အဝေးပြော
  22. နိရောဓကဗျာ
  23. သတင်းရုပ်ရှင်
  24. ကျွန်တော့်နာမည်ကို ချရေးမိတယ် … စကားလုံးများ
  25. ငါ့စာအုပ်
  26. တစ်ယောက်တည်းစကား

Popularity: 73% [?]

 



ငါ့စာအုပ်

(Either JavaScript is not active or you are using an old version of Adobe Flash Player. Please install the newest Flash Player.)

 Off site URL:  http://lanolay.150m.com/swm_mybook_f.html