Latest blog posts

အဲဒါပြောပြပါလား - စိုင်းဝင်းမြင့်

Posted August 28th, 2008 by admin

အဲဒါပြောပြပါလား

တစ်နေ့တစ်နေ့ လျှောကျနေတဲ့အရိပ်နဲ့ တဖြည်းဖြည်း
လျော့ကျနေတဲ့ ကိုယ်အလေးချိန်ကို
ရှင်ပြောပြောပြလို့ ကျွန်မသိရတယ်
ရှင်ပြောတယ် " မင်းလက်မောင်းလေး ဒီနေ့ပြည့်နေတယ် "
"မင်း ညက အိပ်မပျော်ဘူးထင်တယ်
မျက်နှာလေး ချောင်ကျသွားတယ် "
" မင်း အသားလေး နည်းနည်းဖြူလာတယ် "
ရှင်ဟာ ကျွန်မကို ကြည့်ပြောနေတော့တာပဲ "
ရှင်ပြောလိုက်တာနဲ့ ဘုရားပန်းအိုးထိုးမယ့်
သစ္စာပန်းတွေဆီ ကျွန်မရဲ့ဓားက မရောက်
ကျွန်မ ရဲ့ လက်ပေါ် ဓားကျရောက်သွားတယ်
ကျွန်မ အမှတ်မထားပါဘူး
ဘယ်တုန်းကများ ကျွန်မ မှတ်လို့လဲ
အခုလည်း သစ္စာပန်းတွေ ၀ယ်လာတယ်
အမာရွတ်ကို လက်စွပ်လို ၀တ်ထားတယ်
ကျွန်မ ပွတ်သပ်တယ်
ရှင့်မျက်နှာကို လှမ်းကြည့်မိတာနဲ့ ထမင်းအိုးတူးတော့တာပဲ
ရှင်စိတ်ကောင်းဝင်တဲ့အခါ ပြောတယ်
ကျွန်မက ရယ်ရတယ်တဲ့
ရှင်ဘာတွေ တွေးနေတာလဲ
ကျွန်မ အမှိုက်တစ်စ ဖြစ်သွားရတာ
အခုလို မီးလောင်နေတဲ့ညမှာ
ကျွန်မကို ၀တ်ဆင်ထားရမှာ ရှင့်အတွက် ငရဲ
စောင်တစ်ထည်လို ခြေရင်းမှာ ခေါက်ထားတယ်
ကျွန်မဟာ ရှင့်တွက် စာအုပ်တစ်အုပ်
ဖတ်ပြီးလွှင့်ပစ်လိုက်တဲ့ စာအုပ်တစ်အုပ်
မိတ်ကပ်တွေအများကြီး မသုံးနဲ့ ၊ နှုတ်ခမ်းနီကို ဖျော့ထား
ကျွန်မ သိပ်မလှဘူးထင်တဲ့နေ့တွေဆို ရှင်က အပြင်မခေါ်ဘူး
အခု စာရွက်အလွတ်တွေနဲ့ ရှင်တစ်ယောက်တည်း
တိတ်ဆိတ်ငြိမ်သက်လို့
အဲဒါပြောပါလား ။ ။

စိုင်းဝင်းမြင့်
၂၈ ၊ ၉ ၊ ၂၀၀၃
Beauty ဇန်န၀ါရီ ၊ ၂၀၀၄

ပွဲတော်ရဲ့ ဆူညံသံတွေကြား

Posted July 18th, 2008 by pt

အဲ့ဒီတုန်းကရဲ့ အစီအစဉ်ကျမှုထဲဝင်လာတာ ဘယ်အမှန်တရားလဲ
သြော့့်  သနားကြင်နာမှုတဲ့လား
ရုပ်ဖျက်ပြီး လာရတဲ့ သနားကြင်နာမှု

 

ဟောဒီမှာ့  အဲဒီတုန်းက
ဘ၀တံကျင် လျှိုခံထားရတာ အဆုံးအထိပဲ
လာကြည့်ကြတဲ့လူတွေလည်း မကြည့်ဝံ့ဝံ့မရုန်းဝံ့ဝံ့

 

လက်ခံလိုက်ပါလေ့  ဘာပဲဖြစ်ဖြစ်
လက်ခံလိုက်ပါလေ့  လက်မခံရင်
ဘာခံရမလဲဆိုတာ သိတယ်မဟုတ်လား

ဟောဒီမှာ့  အဲဒီတုန်းက
ဖျားရည်ဝလို့ လက်ဝါးကပ်တိုင်ပေါ်ကနေ
ငုံ့ကြည့်နေမိတယ်
ရောမစစ်သည်တွေ ဂျူးငိုကြွေးသည်တွေ
အာရုံမရတစ်ချက် ရတစ်ချက်နဲ့
အဲ့ဒီတုန်းကရဲ့နားထဲ စီးကျနေတဲ့ သွေးတတောက်တောက်သံတွေ

 

သက်ရှင်နေထိုင်မှုလိုဟာမျိုး
ထပ်ရကြဦးမလာ့း့  ဒါမှမဟုတ်
ပြန်ရကြဦးမလာ့း့  ဒါမှမဟုတ်
အခုရနေတာဟာ တကယ့်အစစ်အမှန်လား
ဒီထဲ အဲ့ဒီတုန်းကဟာ အပြင်းအထန်ကျွံဝင်ခဲ့ပြီလား

 

ဒါဆိုရင်မငြင်းနဲ့တော့
လက်ပါးစေဖြစ်ဖြစ် သူ့လူကိုယ့်ဘက်သားဖြစ်ဖြစ်
အရှင့်သစ္စာခံ ဗိုလ်မင်းဖြစ်ဖြစ်
ဓားနဲ့လှံနဲ့ တစ်ခန္ဓာတွင်းလုံးထိုးဆွ မွှေနှောက်ရှာကြ
တစ်စုံတစ်ရာ တွေ့လိုတွေ့နိုးနဲ့ပေါ့

 

နေ့လည်ခင်းဟာလည်း
သခင်အားရ ပြေးလွှားဟောင်ဟစ်ထားတဲ့ ခွေးတစ်ကောင်လို
လျှာတစ်ပေရှည်ကျ ၀င်သက်ထွက်သက်တဟဲဟဲနဲ့
သူလည်းသက်သေခံဖို့ ရောက်ရှိလာတယ်

 

တိမ်မည်းကြီးတွေ လိပ်တက်လာလိုက်တာ
အဲဒီတုန်းကလို အဓိပ္ပာယ်သတ်မှတ်ကြမှာဟာ
ဒါတွေမဟုတ်ဘူ့း့  မဟုတ်သေးဘူး
ဟောဟိုခြေရာကွက်ထဲ တံခါးတစ်ပိုင်းကျိုးနေတဲ့
မြက်ပင်တွေ့  အဲဒီတုန်းကရဲ့ စိတ်ပုံသဏ္ဍာန်တွေ
သယ်ဆောင်လာတဲ့ ချောင်းတွေမြစ်တွေ
အဲဒီအဖြစ်တွေ အဲဒါတွေ့  ။ ။

 

၂၂ စက်တင်ဘာ ၂၀၀၃

 

 

(ထင်ရှားသည့် အမှတ်အသား - ဇေယျာလင်း၊ နှစ်ကာလများ - ၂၀၀၆)

 

ပျော်ပျော်နေ ရွှေခဲဆီကစာ

Posted July 18th, 2008 by pt

အကို၊ ကျွန်တော်စာရေးလိုက်ပါတယ်
ကျွန်တော်လဲ ထုံးစံအတိုင်း ဗလာမဲပါပဲ
ကိုယ့်ဆန်ကောထဲ ကိုယ်ပြာရင်း ဆန်ခါပေါက်တွေက
ကျပြီးရင်းကျနေတဲ့ အကျိုးအကြေနေ့ရက်တွေပါပဲ
လိပ်စာမရှိတဲ့ ပြန်လမ်းကို မတွေးတော့ပါဘူး
အလျားကိုထားပါတော့ ဗြက်ကိုပဲ ဆွဲဆန့်နေရတာ
ပိုးပြိုးပြက်ပြက်လင်းသွားတဲ့ အခိုက်မှာ မြင်လိုက်ရတာ
အမှောင်ကျနေတဲ့ ပဆစ်ဒူးတုတ် ကိုယ့်အတ္တဘောကြီးပါ အကိုရေ့။

 

 

အလုပ်ကတော့ အဆင်ပြေပါတယ်
ကိုမာဖြစ်နေတဲ့ စက်ရုံရဲ့ မိလ္လာသန့်ရှင်းရေးပေါ့
သူဌေးရဲ့လှေကားထစ်ချောင်ကွယ်လေးမှာ ကံအားလျှော်စွာ
ကျွန်တော်ညစောင့်လည်းလုပ်တယ်
မုန်တိုင်းယာယီရပ်စဲချိန်မှာ အပြင်ထွက်ခွင့်ရပါတယ်
လူစဉ်မမီတောက်တောက်ပြောင်ပြောင်တွေကြား
အယားပြေနှုတ်သီးထိုးခွင့် ရသလိုပေါ့

င်္ဒီမှာ ဘာတစ်ခုမှ ကိုယ်ပိုင်ရပ်တည်တာမရှိဘူး
မိုးလင်းပေါက်အရက်ဆိုင်လို
အပြိုင်ထိုးအန်နေကြတာ တစ်ရယ်သံပဲ
ကျွန်တော် နည်းနည်းသောက်တတ်လာပြီဗျ
ရေမရောတဲ့ ဟာသခါးခါး ၀မ်းပက်တူးပက်။

ကောင်မလေးလည်း ရှိနေပြီ
တစ်ခါတစ်ခါ တွေ့ခွင့်ရတယ်
လက်ချိတ်ပြီး တွဲလျှောက်ရတာထက်
တစ်ယောက်ကျောက တစ်ယောက်အရှိုးရာတွေ
မ၀ံ့မရဲထိတွေ့ရတာ အရသာလို့ခေါ်မလား
စကားတွေလည်း ဘယ်လိုကုန်သွားလဲ မသိတော့ပါဘူး
သူနင်နေတာကို ကိုယ်မြိုချလို့မှ မရတာ
သူ့ရယ်မောသံလေးကို ကျွန်တော်နမ်းဖူးတယ်သိလား
ကျွန်တော့်နှုတ်ခမ်းတွေ ရှဲခနဲ ကျက်သွားတယ်
အဲဒါအချစ်လို့ ခေါ်မလား။ ရယ်ရတယ်နော်။

 

အရုဏ်ဦးချင်တဲ့စိတ်ကို တားထားရတာ အခက်ဆုံးပဲ
ဒီမှာက ၂၄နာရီလုံးလုံး မီးတွေထိန်လင်းနေတာပဲ
ပိတ်လို့လဲ မရဘူး၊ ခလုတ်တွေလည်းမရှိဘူး
ပူပင်စရာလည်း ဘာမှမရှိဘူး။ လိုက်လျောညီထွေနေတတ်ရင်
သေတွင်းဟာလည်း ဖိုက်စတားဟော်တယ်ပဲလို့ ဆိုထားတယ်
ကျန်းမာတာကလွဲလို့ ကျန်တာဟာ ဈေးကွက်ထဲက အဖိုးအခပဲ
အကိုလည်း ကျန်းမာပါစေ။ ကဗျာတွေရေးရင် ပို့ပေးပါ။

 

ရွှေခဲ

 

 

(ထင်ရှားသည့် အမှတ်အသား - ဇေယျာလင်း၊ နှစ်ကာလများ - ၂၀၀၆)

အရူးမြေကျ ရိုးမြေကျ

Posted June 10th, 2008 by admin
အရူးမြေကျ ရိုးမြေကျ

ကိုယ်တို့မှာ ငြင်းစရာ
ဝါတွင်းတစ်ခုတည်း
ကျွန်တော်တစ်ယောက်တည်းနေရတာ ပျင်းလို့
ကျွန်တော် အဖော်စပ်တယ်။
ကိုယ်ဝန်ရှိလို့
နေ့ချင်းညချင်း ဖြစ်သွားတာတော့ မဟုတ်ဘူး
ရိုက်မစစ်ပဲ ဖြောင့်ချက်ပေးမိတော့
မင်းကို ဘယ်သူက ဘာပြောလို့လဲဆိုတဲ့ ဟာသဖြစ်တာပေါ့။
ဒီတစ်ခါလည်း ကျွန်တော့်ဘက်က ကြည့်ခဲ့ပြန်တယ်
ဝေးမလား နီးမလား။
ကစားစရာမဟုတ်တာကို ကျွန်တော်ကစားတယ်
မမြဲခြင်းအကြောင်းပြ ကျွန်တော်ဇွတ်ကျခဲ့တယ်
အက်ကြောင်းကို မျက်နှာလွှဲခဲ့ဖူးလို့
ကိုယ်တို့ လွဲခဲ့ဖူးတယ်
ကျွန်တော်ဟာ ခဲမှန်ဖူးတဲ့ စာသူငယ်
တစ်ခါသေဖူး ပျဉ်ဖိုးနားလည်။
သူမဘက်ကတော့ ရှက်စရာပါ
အားနာပါတယ်။
တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ရင်း
ကျွန်တော်တို့ ရယ်တယ်
တစ်ယောက်ကို တစ်ယောက်ပွေ့ဖက်ရင်း
ကျွန်တော်တို့ငိုတယ်
တကယ်ချစ်ရဲ့လား ဆိုတဲ့ စကားကို ဦးသူ အရင်မေးတယ်။
တစ်ယောက်ကို တစ်ယောက် နားလည်သွားတဲ့အခါ
ကျွန်တော်တို့က လင်မယား
ကျွန်တော်တို့ကြားမှာ ဘာသာစကားမရှိတော့
ဖျားမှာလည်း မကြောက် ၊ မှားမှာလည်းမကြောက်။ ။

စိုင်းဝင်းမြင့်

Burma’s Non-Political Flood

Posted May 12th, 2008 by admin

Lifeless

 

 (Dedicated To My Mother And People Of Burma Who Lost Lives And  Who Are Hardly Survived Under Both Natural And Political Weathers!)

 

 

 

 

Water, water, all around me

But I am so..so… thirsty.

Here, there, human bodies’ everywhere

But none alive accompany me and share.

And I look at myself

Broken hopes and empty handed.

And I look further around

Just like a post heavy-battled ground.

Wild cyclone has wiped all things down.

 
Where are those kids from innocent playground?

Where are students in the green and white uniform?

Where is my town always singing along country rock songs?

Where are my mates who search for freedom and independent?

Where are those local chicks with new-leaf-color lips?

Where are those parents with a too busy habit?

All my questions disappear,

All my answers whisper…and whisperer.

Collaborated disaster of the nature and the dictator!

 
And I constantly hear voices from my empty stomach

Asking me food, forcing me speak out and stand up.

I silently speak with my loudest, to the entire world

Then mankind’s sympathies come and knock my door.

 
Let me now open my door

‘Cause those sympathies will help to fix my wounded floor.

Let me invite them with an open heart

‘Cause those sympathies will help my life reconstruct.

 
Hello Mr. militarists,

Your guns are currently useless,

My demands are urgently needed,

Here, I’m alive, not a corpse yet,

Neither much time left.

Together, let’s work out as a nice diplomat!

 

                               Thu I San

                                                     Mothers’ Day-2008


HELP!

လက်ကားယားခြေဆန့်

Posted April 28th, 2008 by pt

ခြေနှစ်ဖက်ကတော့ လှုပ်နေတယ်
ဒါဟာသေသူ ဟုတ်ရဲ့လား
ခြေလှုပ်တဲ့အလောင်းကို ကျွန်တော်
မကိုင်ဖူးဘူးဗျာ

ခြေနှစ်ဖက်က လှုပ်နေတယ်
ဒါဟာဖြစ်တတ်တယ်
အအေးခန်းထဲ အကြောဆွဲကြတယ်
ဒါဟာဖြစ်တတ်တယ်
တချို့များ
တစ်ကိုယ်လုံးမတ်ထပြီး
အော်ကြတယ်
မသေချင်သေးဘူး မသေချင်သေးဘူးတဲ့
ပြီးတော့လည်း အိပ်မက်ဆိုးမက်သလို
ပြန်အိပ်သွားကြတယ်

ဟုတ်ကဲ့
ကျွန်တော်ဟာ ရင်ခွဲရုံတာဝန်ခံပါ
ဒါတွေ ကျွန်တော့်အတွက် ရိုးနေပါပြီ

သြော့့်  ဒါနဲ့
အဲဒီခြေထောက် ဘာကြောင့်လှုပ်နေတာပါလဲရှင်
သူလှုပ်ချင်လို့ လှုပ်တာပါပဲ
ပြီးရင်လှုပ်ရင်လှုပ်
မလှုပ်ရင် ထ ပဲ့ 
ဒါမျိုးတွေ ရိုးနေပါပြီလေ

 

၁၀ နိုဝင်ဘာ ၂၀၀၃

 

(ထင်ရှားသည့် အမှတ်အသား - ဇေယျာလင်း၊ နှစ်ကာလများ - ၂၀၀၆)

 

အသက်(၈၆)နှစ်၊ ဦးလှိုင်ဝေ

Posted April 28th, 2008 by pt

ကိုယ့်အိမ်ကလေးကို တူတွေ တူမတွေ
နေကြတော့လို့ ပေးလိုက်တယ်လေ၊ အခု မြောက်ဥက္ကလာ
ဘုန်းကြီးကျောင်းတစ်ကျောင်းမှာနေတယ်
ကပ်နေတာ မဟုတ်ပါဘူး၊ တစ်ခါက ဘုန်းကြီးနဲ့
တစ်ညလုံး တရားအကြောင်း ဆွေးနွေးရင်းနဲ့ပေါ့
ဘုန်းကြီးကပြောတယ် မပြန်နဲ့တော့တဲ့
တရားခန်းတွေ လွတ်နေတယ်တဲ့
လူမနေရင် ခြတက်တယ်တဲ့
ဘုရားတရားအလုပ်လုပ်ရင်း ဒီမှာပဲနေပါတော့ဆိုလို့
ကိုယ့်ထမင်း ကိုယ့်ဟင်းလေး ချက်စားတာကို
တူတွေ တူမတွေက ကဲ့ရဲ့လို့
ဒီ(၈၆)နှစ် အရွယ်ကြီးကျမှ ကိုယ့်ထမင်း ကိုယ့်ဟင်း
ချက်စားနေရသေးတယ်ဆိုတော့
သူတို့ အကဲ့ရဲ့ခံကြရမှာပေါ့တဲ့
ဟဲ့  ကိုယ့်အရုပ်ကိုယ်သယ်နိုင်တုန်း
သူများကို ဒုက္ခမပေးချင်ဘူး
ဘုန်းကြီးတောင် ဆွမ်းလှူနိုင်သေးမဟုတ်လား
အမယ့့်  ဘုန်းကြီးက လူတိုင်းယုံတာမဟုတ်ဘူး
တစ်ခါက ဓားပြတိုက်ခံရလို့ ရှိစုမဲ့စုလေး ပါသွားတယ်
ကိုယ့်တော့ သူဂရုစိုက်သား၊ ကျန်းမာရေး ခဏခဏ
လာမေးတယ်၊ ဌာနမျိုးစေ့အလျောက်
ကုသိုလ်လဲ ကောင်းလို့ပေါ့လေ
အခုလို အခြေတည်မိရဲ့သာ့း့ 
ကားလေးတစ်စီးရှိရင် ခြေပေါက်တာပေါ့
တရားလေး မပြီးရင်တော့ ဘယ်ရောက်လို့
ဘယ်ပေါက်မလဲ
ကိုယ့်အရုပ်ကိုယ်အသာချနိုင်မှပဲ
ကိုယ့်ကိစ္စဆိုတာ ပြီးတာမဟုတ်လား။ ။

(ထင်ရှားသည့် အမှတ်အသား - ဇေယျာလင်း၊ နှစ်ကာလများ - ၂၀၀၆)

ပြန်လာသူ

Posted April 27th, 2008 by pt

သူ့ကို သေချာထုပ်ပိုးပြီး
လက်ဆောင်ပစ္စည်းတစ်ခုလို ပြန်ပို့လိုက်ကြတယ်။

အထုပ်ကို ဖြေလိုက်တော့
မြင်သူအားလုံး လန့်သွားကြတယ်
သူ့တစ်ကိုယ်လုံး ချုပ်ရိုးတွေနဲ့။

ဘာဖြစ်ခဲ့တာလဲ
ကရုဏာနဲ့ မေးသူမေး -
သူ့နှုတ်ခမ်းတွေပါ ဘယ်လိုလက်လွန်ချုပ်မိသွားလဲမသိဘူး။

သူ့မျက်လုံးတွေထဲမှာ
မျက်ရည်တွေဝဲလို့ –
သူ့မှတ်ဉာဏ်ရဲ့ ချုပ်ရိုးတွေထဲမှာ
မှောင်မိုက်ညပဲ။

သူ့ကို ထုပ်ပိုးခဲ့တဲ့
အရောင်တောက်တောက်
အဆင်လှလှ
ကိုင်လိုက်ရင် ကြွပ်ကြွပ်မြည်တဲ့
ထုပ်ပိုးစက္ကူကိုသာ ငေးစိုက်လို့။

(၂၁ ဧပြီ၊ ၂၀၀၃)

 

 

(ထင်ရှားသည့် အမှတ်အသား - ဇေယျာလင်း၊ နှစ်ကာလများ - ၂၀၀၆)

သဘာဝသမိုင်း ပြတိုက်မှူး

Posted April 25th, 2008 by pt

အပုပ်နံ့ဟာ အဆိုးဝါးဆုံးပဲ
စင်္ကြန် တစ်လျှောက်မှာ
မြူထဲမြုပ်နေတဲ့ မြို့တစ်မြို့လို
အပုပ်နံ့ပေါင်းစုံ ပျစ်နှစ်။

စင်္ကြန်အဆုံးက အခန်းထဲမှာ
သွေးပြီးသား ဓားထက်ထက်နဲ့
ပိုထက်တဲ့ စိတ်အပိုင်းနဲ့ အစိတ်စိတ်ပိုင်းဖို့
လတ်လတ်ဆတ်ဆတ်။

နွေးနွေးထွေးထွေး
အသေကောင်တွေ
(သူ့အသုံးအနှုန်းက အမှုတွဲသစ်တွေ)
ခုနကပဲ လာပို့သွားတယ်။

ဟောဒီမှာ ချင်ပန်ဇီတစ်ကောင်
ဟိုဘက်စားပွဲမှာ သောက်ရှူးကြယ်
ကြွပ်ကြွပ်အိပ်ထဲမှာ ဝေလငါးမန်း
အပြောမကောင်းတဲ့ဟာ တစ်ခုခု။

သူလုပ်မနေဘူးဆိုရင်
သဘာဝအင်ပါယာကြီးရဲ့
အရေခွံ အကြောအမျှင် အရိုးစ
သူဆက်စပ် တွဲချုပ်နေမှာပဲ။

ကျောက်ဖြစ်ရုပ်ကြွင်းငှက်ရဲ့ မျက်လုံး
ခွေးတူဝက်တူရဲ့ ခြေသည်း၊
လင်းပိုင်ရဲ့ စိတ်နေစိတ်ထား၊
သမန်းကျားရဲ့ အတိတ်သမိုင်း။

နေ့လည်စာ စားပြီးရင် ဇာမဏီရဲ့အမြင်
အာရုံကြော ခွဲစိတ်ကြည့်ရမယ်
ထမင်းစားခန်းနံရံက
သတိပေးစာ။

အ၀တ်ဘီရိုထဲက
တဒေါက်ဒေါက်ခေါက်နေတာ
ဘယ်အရိုးစုလဲ ဘာလိုချင်လဲ -
သွားမေးလိုက်စမ်း။

ဆာပြန်ပြီလား၊ TVကြည့်ချင်လား
အသွေးအသား တောင်းနေပြန်ပြီလား
သူ့တစ်သက်မှာ
ရှားပါးသတ္တ၀ါ တော်တော်များများ
မျိုးတုံးသွားကြပြီ။

မတုံးသေတာက
သူ့အတ္တ၊ ပညာမာန
သဘာဝတရား ခွဲစိတ်ပါရဂူ
မဟာအလှူဒါန။

"သိပ္ပံပညာဟာ
အရောင်းအ၀ယ် မဟုတ်ဘူး"
အရိုးတစ်စပေး
အကောင်တစ်ကောင်လုံး ထုတ်ပြမယ်
မြေအောက်ခန်းတွေမှာ
အရှင်လတ်လတ် ရှိနေသေးသလိုမျိုး။

သူ့မှတ်တမ်းစာအုပ်ထဲမှာ
ကြိုက်တဲ့အကောင်ပြော
သူလှောင်ထားတယ်
နောင်လာနောက်သားများ လေ့လာဖို့
မရှိတော့တဲ့ ‘မိုအာ’ငှက်ကြီးရဲ့
အိပ်မက်ထဲ သူ့ဝတ်ရုံနဲ့
ပျံသန်းဖို့။

မျောက်နံရိုးစွန်းမှာ
ခေတ္တ
အပန်းဖြေ၊
အိမ်ရှေံမှာ အလှဆင်ဖို့ ဠင်းတသည်းခြေ
မြှူဆွယ်လို့။ အားလုံးသတိ
ပြတိုက်မှူးကြီး ကြွလာပြီ။ ။

 

(ထင်ရှားသည့် အမှတ်အသား - ဇေယျာလင်း၊ နှစ်ကာလများ၊ မတ် - ၂၀၀၆)

 

ငါဟာတိတ်ဆိတ်မှု

Posted April 21st, 2008 by pt

မင်းတို့ရဲ့ ဆူညံသံတွေ ခေါက်သွားတာ
ငါ အေးတိအေးစက် ကြည့်နေတယ်
အပျက်အယွင်းတွေ ပစ်စလက်ခတ် ကြဲသွားတဲ့
ဟောဒီ ချောက်ကမ်းပါးထိပ်မှာလေ
မင်းတို့ရဲ့ သံမဏိတွေ နေရောင်ထဲ တ၀င်းဝင်း
ပေပေါ်က ရှဲကနဲ ရှဲကနဲ စင်ထွက်တဲ့ မီးပွားတွေ
စာသားတွေ၊ ကုက္ကားတွေ၊ ဧရာမ ဒဏ္ဍာရီတွေ
ကန္တာရထဲက မြွေတစ်ကောင်လို
ဝမ်းဗိုက်ကို ၀က်သိုးချုပ်သွားတာ
ခွာသံတွေ၊ ရောဂါဘယတွေ၊ ရာဂတွေ
အံ့မခန်း အောင်မြင်မှု စာစုတွေ။

 

မင်းတို့ လိုရာမရတော့
မင်းတို့ ဖျက်ဆီးသွားကြတယ်
စကားလုံး အပိုင်းအစတွေ
ဝဏ္ဏအကျိုးအကြေတွေ
တွန့်လိမ်ခြောက်ကပ်နေတဲ့
ဗျည်းအရိုးစ သရကွက်တွေ။

 

ကိုင်လိုက်ရင် မင်းတို့လက်တွေ
ရှဲကနဲ လောင်ကျွမ်းသွားတာ
ငါဟာ တိတ်ဆိတ်မှု
မင်းတို့ရဲ့ နှလုံးသားတွေထဲ စိုက်ဝင်နေတဲ့
အဆိပ်လူးဆူးချွန် ငါ့ဆက်သားတွေ
မမြင်ရတဲ့ အရိပ်အေးခဲတိုင်းဟာ
ငါ့ဘာသာစကား
ငါဒီမှာ အမြဲရှိတယ်
အုံနဲ့ကျင်းနဲ့ မင်းတို့ လာလာရှာနေပါ
ငါဟာ တိတ်ဆိတ်မှု။ ။

 

ဇေယျာလင်း

2501 pages viewed, 13 today
929 visits, 9 today
FireStats icon Powered by FireStats